Tuesday, January 19, 2010

ဒွိဟ

ဘယ်အထိလဲတိမ်ယံလိုလွင့်ခဲ့
ကြယ်စင်မသိတဲ့နေ့ရက်များ
ငါ မလှမပပွင့်ဖူးခဲ့ရ မသိခြင်းများ
ရေတစ်ပိုင်းမီးတစ်ပိုင်းနေ့ရက်များ
ရင်ခုန်သံကိုဘယ်ကာရံနဲ့ ကာမတ်ခဲ့တာလဲ
အနာဂတ်ကိုမပိုင်ဘူး အနာဂတ်ကငါ့ကိုပိုင်တယ်
စွဲလန်းခြင်းများ ရာသီရှည်များ
ဆောင်းညရဲ့ တောင်းတသံများ
ဘယ်အထိရွေ့လျားခဲ့တာလဲ
ငါ့ အတောင်ပံခတ်သံငါကြားရတယ်
အို… တခမ်းတနားပါပဲ
ငါ.. ကျရှုံးခဲ့ သို့ ငါရှင်သန်ခွင့်ရခဲ့ ။

မောင်ဖိုးနမ်း

1 ယောက်က စာမူခပေးတယ်း):

စိတ်၏ဖြေရာ said...

ကျွန်မကဗျာမရေးတတ်ပေမဲ့ကဗျာလေးတွေကိုခံစား
တတ်ပါတယ်။အားပေးနေပါတယ်။
ကဗျာတွေစာတွေအများကြီးရေးနိုင်ပါစေ။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။