Thursday, January 21, 2010

အကွဲအပြဲ

ရင်ကိုခွဲ

ပုံလျှက်လဲ

ငါအသဲကွဲပြီ



ဘာကြောင့်လဲ

ခံစားမှု့တွေမျိုသိပ်ထားခဲ့တာချစ်လို့ပါ

အပြာရောင်ချည်မျှင်တွေလား

ဘယ်လိုနည်းနဲ့ရစ်သိုင်းခဲ့ တာလဲ

ဗီးနပ်စ်မသိတဲ့ ပဉ္စလက်လား

ကျုးပစ်မသိလိုက်တဲ့ မြှားတစ်စင်းလား

ထိုးစိုက်ပျံ့အုံ့ ငါရင်တွေခုန်ပြီ။



အနာဂတ်ကိုမသိတတ်ခဲ့လို့ပါ

ကြွေကျခဲ့တဲ့ အမှည့်လွန်သစ်သီးတစ်လုံး

ချိုမြိန်မှု့တွေကိုတောင် မခံစားလိုက်ရဘူး

တစ်ခါတည်းပြတ် စဲ ကွဲ

ရင်ထဲမှာ ၀ုန်း .. ဆို စီရီတောက်

ပြာရင့်ရင့် မီးတောက်တွေ ။



ဘယ်လိုဆုံမှာလဲ

အဲ့ဒီကောင်းကင်ကိုမော့ကြည့်နေရတာညောင်းလှပြီ

တောင်းတဲ့ဆုတွေ ပျော်ဝင်သွားတယ်

ပူလောင်မှု့တွေ ပိုက်ပွေ့လို့

ဒီရင်မှာ မီးလောင်နေတာ

ချနင်းဖို့တောင် နှလုံးသားမကျန်တော့ဘူး ။



မောင်ဖိုးနမ်း



2 ယောက်က စာမူခပေးတယ်း):

မောင်မိုး said...

နှလုံးသားက မြားတွေလဲစိုက်၊ မီးတွေလဲလောင်နေမှတော့ ကွဲပြီးပြဲပြီပေါ့။
စူပါဂလူးလေးနဲ့ ပြန်ဆက်ကြည့်ပါလား။
ခင်မင်စွာဖြင့်
မောင်မိုး

~ဏီလင်းညို~ said...

မောင်ဖိုးနမ်းရေ...
ခံစားမိတယ်...။
“ကျုးပစ်မသိလိုက်တဲ့ မြှားတစ်စင်းလား
ထိုးစိုက်ပျံ့အုံ့ ငါရင်တွေခုန်ပြီ”....ဆိုတဲ့နေရာလေး... အရမ်းကောင်းတယ်...။
အားပေးနေတယ်....။
(ဒီကိုမိုးကတော့လေ....ဟွင်းးးးးးး........း))
ခင်မင်တဲ့
ဏီလင်းညို

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။