Saturday, August 21, 2010

သင်ခန်းစာ

သင်ခန်းစာ

အလွမ်းသီချင်းတွေကြားတိုင်း
ကျွမ်းခဲ့ဖူးတဲ့ ငါ့နှလုံးသားမှာ
ဒဏ်ရာတွေ အသစ်ဖြစ်လို့

ငါချစ်ခဲ့ဖူးပါတယ်
ငါမလွမ်းချင်တော့ဘူး
ငါ့အလွမ်းနဲ့ ကြောင့်ရတဲ့ဝေဒနာနဲ့
ငါ့အတွက်တုန်ပြန်ခဲ့တာတွေက
နောက်ဆုံးတော့ ငါ့အမှားပဲဆိုပြီး
တပ်ခေါက်ခဲ့ရတယ် ။

ငါကျေနပ်ပါတယ်
ဘာတွေပဲဖြစ်ဖြစ် ငါချစ်ခဲ့ဖူးပါတယ်
ဘယ်လိုပဲဖြစ်သွားပါစေ ငါချစ်ခဲ့တယ် ။

ငါ အလွမ်းအသစ်တွေ ထပ်မဖြစ်ချင်တော့တဲ့အတွက်
အချစ်သစ်နဲ့တွေ့ခဲ့ပြီး အချစ်သစ်နဲ့ တစ်ဖန်ပြန်ကွဲရင်
လွမ်းတော့မှာ မဟုတ်ဘူး
ငါအတွက် သင်ခန်းစာ။ ။

                                  ရင်ထဲထကသံစဉ်ဖော်ကျူးသူ
                                                             ညီလေး မြလေးနိုင်
                                                               (21/8/2010)

4 ယောက်က စာမူခပေးတယ်း):

Naung Taw Lay said...

အကို လင့်ထည့်ရင် html လေးနဲ့ထည့်ရင် ပိုကောင်းတယ်ဗျအကို ။
မြလေးနိုင် ဆိုပြီး html ထဲမှာသွားလုပ် လိုက်ရင် ပိုကောင်းသလိုပဲ အကို ။ အမြဲတမ်း ညီအကိုလို သဘောထားပါ ။

အဖြူရောင်နတ်သမီး said...

“ငါ အလွမ်းအသစ်တွေ ထပ်မဖြစ်ချင်တော့တဲ့အတွက်
အချစ်သစ်နဲ့တွေ့ခဲ့ပြီး အချစ်သစ်နဲ့ တစ်ဖန်ပြန်ကွဲရင်
လွမ်းတော့မှာ မဟုတ်ဘူး
ငါအတွက် သင်ခန်းစာ။ ။”...

Stept 1 ..ပြီးရင်
Stept 2 ..လာမယ်လေ...
“အချစ်သင်တန်းသူ”လေးပေါ့..

(စသွားပါသည်..စိတ်မဆိုးကျေး..၊ကဗျာလေး ခံစားချက်အပြည့်နဲ့ရေးထားလို့လားမသိဘူး..၊ အရမ်းကောင်းပါသည်)

pangalay said...

ကောင်းပါတယ် နင့်ဘဝ ကတော့ သာယာတဲ့ မိသားစုဘဝလေးနဲ့ ပေါ့ ငါ့မှာတော့ နင်ပေးခဲ့တဲ့ဝဒေနာ တွေနဲ့ သားလေးတစ်ယောက်ကို အဖော်ပြုပီး ရုန်းကန်နေလိုက်ရတာ ပင်ပန်းလွန်းလှပါပီ

pangalay said...

ညအလင်္ကာ နင့်ဘဝပျော်ရွင်နိုင်ပါစေ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။