Saturday, July 10, 2010

Happy Birthday Brother NyaAlinKar


Image and video hosting by TinyPic 

Happy Birthday Brother NyaAlinKar
Image and video hosting by TinyPic

စုပေါင်းညီညာမွေးနေ့ကိတ်ပါး))
Image and video hosting by TinyPic

မွေးနေ့ကိုလာတဲ့လူတွေ အတွက် စားကြနော် ချောင်းဆိုးရင် ကိုညအလင်္ကာကို ကုခိုင်း စားကြနော်
နောက်မှာအများကြီးကျန်သေးတယ် ဟီးး))

အချိန်ကာလ ကအတော်ကြာခဲ့ပါပြီ ဒါပေမယ့် မနေ့တနေ့ကလိုပဲရှိသေးသည် ကျွန်တော့်ဘ၀တွင်သွေး မတော်သားမစပ်ပါပဲနဲ့ ညီအစ်ကိုရင်းလို ခင်မင်သောသူကိုပြပါဆိုရင် အစ်ကိုညအလင်္ကာကို သာပြရ ပေလိမ့်မည်။

စိတ်ထားဖြူစင်သည်ဆိုသည်မှာစာအုပ်ထဲမှာသာဖတ်ဖူးခဲ့ပြီး ကျွန်တော်အပြင်မှာတွေ့ဖူး ကြုံဖူးခဲ့ခြင်းမရှိသေးပါမရှိခဲ့ပါ။ ဒါပေမယ့်သိပ်မကြာခင်အချိန်ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာကျွန်တော်လူတစ်ယောက်နဲ့ ဆုံစည်းခဲ့တယ် သိခဲ့တယ်သူကဖြူစင်လွန်းတယ် ဒါကြောင့်ပဲ အရောင်းဆိုးရလွယ်ကူခဲ့တယ်။တစ်ချို့လူတွေက ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ရှိကြတယ် စိတ်ဓါတ် တွေအောက်တန်းကျတယ်။ မပြောတော့ပါဘူး မဟုတ်ရင်ဒေါသသံတွေပါလာလိမ့်မယ်။

ဘ၀မှာ အခွင့်အရေးဆိုတာ နှစ်ခါပြန်မလာသလို တည်ငြိမ်မှု့ဆိုတာ နှစ်ခါပြန်လုပ်ယူလို့မရဘူး ဘ၀ တွေက ကြမ်းတယ်မချောမွေ့ဘူး ဒါကို ကျွန်တော်တို့က လွမ်းနေရမှာလား စိတ်မကောင်းဖြစ်နေရမှာ လား အားငယ်နေရမှာလား မဖြစ်နိုင်လိုက်တာ။ စိတ်ဓါတ်ကျနေရင် ကျွန်တော်တို့လုံးပါးပါးသွားနိုင် တယ် ဘ၀တွေ ပါသွားနိုင်တယ်။ လုပ်သလိုမဖြစ်လို့ ဖြစ်သလိုလုပ်တယ်ဆိုတာကို ကျွန်တော် ကတော့ လက်မခံနိုင်ဘူး။

အတိတ်ကံမကောင်းလို့လို့ အားငယ်စိတ်တွေ မမွေးချင်ဘူး အစ်ကိုရေ ညီက အငယ်ပါ သက်ကြီးစကားသက်ငယ်ကြားတဲ့။ အစ်ကို့ကို ဆရာလုပ်တာမဟုတ်ပါ ညီတစ်ယောက်အနေနဲ့ အစ်ကိုတစ်ယောက်ဆီ အသိလေးတွေ ချပြတဲ့သဘောပါ။ ကျွန်တော့်မှာ အမေပဲရှိတယ် အဖေမရှိတော့ဘူး အဖေဆိုတာကို ၀၀လင်လင်မခေါ်လိုက်ရဘူး အဖေတစ်ယောက်ဆီက မေတ္တာကို တနွေးတထွေးမခံစားလိုက်ရဘူး ဒါဆိုအမေ့ဆီကကော ဟင့်အင်း ကျွန်တော့်ဘ၀ ကို ကျွန်တော်ကျောင်းခဲ့ရတယ် ကျောင်းကိုပြီးအောင် မတက်နိုင်ခဲ့ဘူး။

ဒါဟာဘာကြောင့်လဲကျွန်တော်အဖေနဲ့အမေ ဘာကြောင့်ကွဲခဲ့ရတာလဲ အဲ့ဒီအတွက် အကျိုး သက်ရောက်မှု့ဘာလဲ။ ကျွန်တော်မိမဲ့ဖမဲ့ဘ၀မျိုးနဲ့နေခဲ့ရတာပါပဲ မိဘတွေ မကောင်းလို့လို့ ခေါင်းစဉ်မတပ် ချင်ပါဘူး ဒါပေမယ့် ကျွန်တော့်ကျရင်တော့ ကျွန်တော့်သားသမီးတွေဟာ ဒီလိုဖြစ်မလာစေရဘူး လို့ စိတ်ထဲမှာ သံဓိဌာန်ချထားမိတယ်။ အစ်ကိုရေ မိဘဆိုတာ သားသမီးတွေရဲ့ရှေ့ဆောင်လမ်းပြမီးရှူး တန်ဆောင်ပါပဲ။

အစ်ကိုရေကျွန်တော်တို့စိတ်ကူးလေးတွေရှိခဲ့ဖူးတယ် အနာဂတ်ကိုပုံဖော်ကြည့်ဖူးတယ်ဖြစ် တော့မလာ သေးပေမယ့်ဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်လဲကျွန်တော်တို့ကြိုးစားကြရဦးမယ်။ ဒါက ကျွန်တော် ပြော ချင်တဲ့စကား

ညီအစ်ကိုအရင်းမဟုတ်ပါပဲ နဲ့ကျွန်တော်ကအစ်ကိုညအလင်္ကာအပေါ်အစ်ကိုအရင်း လိုချစ်မိ တယ် ဒါက ကျွန်တော်တို့နှစ်ယောက်ရိုက်ထားတဲ့ပုံပါ ဟဲဟဲ ကျွန်တော်ကဘယ်တုန်းကမှ အင်တာနက်ပေါ် ပုံမတင်ဖူးဘူး ဒါပထမဆုံးပဲ အစ်ကို့မွေးနေ့အမှတ်တရပေါ့လေ ..း)) သေချာကြည့်ကြနော် မင်းသားနှစ်ပါး ဟားဟား

Image and video hosting by TinyPic

အစ်ကိုတစ်ယောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းရာချီ သို့တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ 
ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေဗျာ

ညီလေး လုလင်ပျို (ဝေလင်း)

9 ယောက်က စာမူခပေးတယ်း):

blackroze said...

မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေ...

ခင်မင်လျှက်....Blackroze

ပေါ့ဆိမ့် said...

ညီအစ်ကို လို ရင်းနှီးခင်မင် ဖို့ ဆို တာ တော်ရုံ သံယောဇဉ် ခိုင်မာမှု နားလည်မှုတွေ မရှိဘဲ တည်ဆောက် လို့ မရပါဘူး။ မိတ်ဆွေကောင်း ရဖို့ ကိုယ်ကိုယ်တိုင် မိတ်ဆွေ စိတ်ဓာတ် ကို အရင်ပေးခဲ့ ကြရတာပါ။ ကိုလုလင်ပျို ရော ကိုညလင်္ကာ ရော ပြီးတော့ မနုငယ် မပါအ၀င်ပေါ့ ပိုမိုခိုင်မြဲ တဲ့ ရင်းနှီးမှုတွေ ဖြစ်ကြပါစေ။ မွေးနေ့ရှင် ကိုညင်္လကာ လည်း မွေးနေ့မှ သည် နှောင်နှစ်ပေါင်းများစွာ တိုင်အောင် ကောင်းတာမှန်သမျှ ပြည့်စုံ ပါစေ ... လို့ ဆန္ဒပြုရင်း ...
ခင်မင်စွာဖြင့် ဆင်တဲကဖေး ကိုယ်စား
ပေါ့ဆိမ့်

SHWE ZIN U said...

မွေးနေ့တရာ တိုင်ပါစေ Happy Birthday ပါဗျာ

နမ်းမဝ(အဖြူရောင်နတ်သမီး) said...
This comment has been removed by the author.
နမ်းမဝ(အဖြူရောင်နတ်သမီး) said...

့Happy Birthday...ပါ သူငယ်ချင်းရေ...
မုန့်တွေစားရင်း ဓာတ်ပုံလှလှလေးတွေကို အားပါးတရကြည့်သွားတယ်နော်...
သူငယ်ချင်း“ညအလင်္ကာ”တယောက်...
ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်...
စိတ်သွားတိုင်း ကိုယ်ပါသောဘဝ...
စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာသောဘဝ...
ပျော်ရွှင်ချမ်းမြေ့သော..အေးချမ်းသော မိသားစုဘဝ..များကို တစုတစည်းတည်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်....



နမ်းမဝ(အဖြူရောင်နတ်သမီး)

flowerpoem said...

Happy Birthday ပါ ညအလင်္ကာရေ. . . မွေးနေ့မှာ ပျော်ရွှင်ပါစေ..

ညခင်းနှင့်လမင်း said...

မွေးနေ့မှ သည်နှစ်တရာတိုင် အေးချမ်းတဲ့ဘ၀ ရရှိပါစေ။

ပန်းနှင်းဆီ(ကြယ်ကလေး) said...

.....Happy Birthday....
မင်္ဂလာရှိတဲ့ မွေးနေ့လေးပါ ငညရေ....
လုလင်ရေးထားသလိုပဲ ဘဝမှာ အခွင့်အေ၇းဆိုတာ ၂ ခါမလာဘူး...
ပေးတဲ့အချိန် ရတဲ့အချိန်မှာ ပိုင်ပိုင်နိုင်နိုင် ယူတတ်မှ ယူနိုင်မှ ရမှာ...ယူနိုင်အောင်လည်း ကိုယ့်ဖက်က အဆင်သင့်ဖြစ်နေမှ...
လက်ခံနိုင်လောက်တဲ့ အနေအထားရှိနေမှလည်း ပေးတဲ့အခွင့်အရေးကို နင်ရမှာ...
နောက်ပြီး မိဘဆိုတာ သူတို့တွေ ဘာကြီးပဲ ဖြစ်နေနေ သူတို့ ကောင်းမယ် သင့်တော်မယ်ထင်လို့ သူတို့ဟာသူတို့ ဆုံးဖြတ်ထားခဲ့ကျတဲ့ ကိစ္စကို ကိုယ်ကဘာမှ ပြုပြင်ပြောင်းလဲလို့မရဘူး...အရေးကြီးတာက ကိုယ့်အလုပ်ကိုယ်လုပ်..ကိုယ့်အောင်မြင်မူကိုယ်ရှာဖို့ပဲ ငညရဲ့ သိလား....တော်ပြီဟာ...ပြောတော့ဝူး..ဟီး...ပြောသမျှလည်း ကုန်လောက်ပါပြီ...း)။။
ပျော်စရာမွေးနေ့ပါနော်...
ငါဘာမှမစားရသေးဝူးနော်..ဒါပဲ...
အကြွေးမှတ်ထားတယ်....း).....
ပျော်ရွှင်ပါစေ ငညရေ.....

ခင်မင်တဲ့....
ပန်းနှင်းဆီ

Naung Taw Lay said...

happy birthday ပါ အကို
မွေးနေ့ကိတ်တွေက ကောင်းပေမယ့် နေမကောင်းနေတော့ အညှော်ခံပြီး
ပြနှ်လှည့်ခဲ့ရတယ် အကိုရေ။ ပျော်ရွှင်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း
များစွာတိုင်အောင် ယုံကြည်ချက် မျှော်လင့်ချက်တွေကို စွမ်းစွမ်းတမံဆောင်
ရွက်နိုင်ပါစေလို့ မွေးနေ့ အလွန်မှာ ထပ်ဆင့်ဆုတောင်းပေးပါတယ် အကို။
လေးစားစွာဖြင့်
ညီ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။