Thursday, July 22, 2010

ပုံပြောပြမယ်..မောင်လေးငယ်

မောင်လေးရေ ငါ့မောင်လေးက မှန်လေးတကြည့်ကြည့်နဲ့ လှအောင်ချောအောင် ပြင်ပြင်နေတာ တွေ့တွေ့နေပါတယ်လေ။ ပြီးရင် ကိုယ်ကိုယ်ကိုယ် မှန်ထဲကြည့်လို့ ကျေနပ်နေပြန်ရော။ မောင်လေးရေ ယောင်္ကျားလေးတစ်ယောက်အတွက် ချောတာလှတာ စိတ်ထားကောင်းဖို့ ဖြူစင်ဖြောင့်မတ်ဖို့လောက် အရေးမကြီး
ပါဘူးမောင်လေးရယ်။ မောင်လေးချစ်သူလေးကလဲ အခုနေတော့ ချောစေချင်လှစေချင်ပေမဲ့ တကယ်တန်းလက်တွဲ
တော့မယ်ဟေ့ဆိုရင် အရည်အချင်းရှိပြီး စိတ်ထားမြင့်မြတ်သူကိုသာ ရွေးချယ်လိမ့်မပေါ့ ကလေးရဲ့။ ပြီးတော့ မကြီးကြည့်နေတာ ငါ့မောင်ကတော်ရုံတန်ရုံလှချင်နေရင်တော်ပြီပေါ့ ။ကိုယ့်ကိုယ်ကိုယ် အရိပ်တကြည့်ကြည့်နဲ့လှချင်ချောချင်နေစရာ မလိုပါဘူမောင်လေးရယ်။ ဟုတ်ဘူးလား။ မောင်လေးရေ အဲ့လို ကိုယ်ကိုယ်ကိုယ် သိပ်လှချင်ချောချင်ပြီး ကိုယ်ကိုယ်အစွဲကြီးလွန်းတဲ့ ယောင်္ကျားကို နာဆစ်ဆပ်လို့ တင်စားသတဲ့ကွယ် ။မကြီးလဲ ဆရာမမတင်ဝင်းစာအုပ်ဖတ်မိလို့သိတာ မောင်လေးရဲ့။အဲ့တာရောဂါတစ်မျိုးလို့တောင်ပြောသေးတယ်။ဒုက္ခနော်။အဲ့ဒီ နာဆစ်ဆပ်ဆိုတာကလဲပန်းလေးရဲ့အမည်ကိုပြောတာမောင်လေးရဲ့။အမယ်သူ့မှာလဲသမိုင်းကြောင်းလေးတောင်ရှိပါသေးတယ်။ပုံပြင်လေးပေါ့ကလေးရယ်။ကြုံတုန်းတိုက်ဆိုက်တုန်းမို့ မကြီးပြောပြပါဦးမယ်။
ဟိုးရှေးအခါများဆီက နာဆစ်ဆပ်ဆိုတဲ့ သူငယ်လေးတစ်ယောက်ရှိသတဲံ့ ။သူဟာအလွန်ချောမောလှပပါသတဲ့။ (ဆရာမကြီးကတော့ ဂရိချောချောတဲ့သူငယ်လေးလို့ဆိုပါတယ်)။ အဲ့ဒီသူငယ်
လေးဟာ အမဲလိုက်ကို ဝါသနာပါလေတော့ တောထဲမှာ အမြဲဆိုသလို အမဲလိုက်ထွက်လေ့ရှိပါသတဲ့မောင်လေးရေ။
သူကတောထဲအနေများတော့ တောထဲကနတ်သေးသေးလေး (နတ်အငယ်စားလေးပေါ့) က ချစ်ခင်နှစ်သက်သွားပါ
လေရောကွယ်။အဲ့ဒီနတ်သေးသေးလေး နာမည်က အက်ခို(ECHO)တဲ့မောင်လေးရဲ့ ။
ခက်တာက အဲ့ဒီနာဆစ်ဆပ် က အလွန် မာန်မာနကြီးတဲ့သူဖြစ်နေလေတော့ အဲ့ဒီအက်ခိုလေးကို လုံးဝမ
ချစ်ရှာဘူးတဲ့ကွယ်။ သူမခင်မျာလဲ အချစ်စိတ်တွေဖိစည်းပြီး စိတ်ဆင်းရဲနေလိုက်တာ တဖြည်းဖြည်း ကိုယ်လုံးလေး
ပျောက်သွားလိုက်တာ အသံသေးသေးလေးသာကျန်ခဲ့ပါရောလား။ အော် အချစ်စိတ်နော်ကြောက်စရာကောင်းလိုက်
တာ။မောင်လေးချစ်သူကောင်မလေး ကိုပြောပါဦး။အဲ့ကလေးမလေးက ငါ့မောင်အပေါ်အချစ်ကြီးတယ်။ ကြာရင်အန္တရာယ်ဖြစ်လာမယ်။မောင်လေးက လဲ ဆိုးတာတွေလျှော့မှပေါ့ ။ကဲ ပုံပြင်က လည်သွားပြီ။ အဲ့ဒီ အထဲကပေါ့
လေ တောထဲတောင်ထဲသွားရင် အော်လိုက်တဲ့အခါ ပဲ့တင်သံပြန်လာတာကို နတ်သေးလေး အက်ခိုကပြန်အော်ပါတယ်
လို့ယုံကြည့်ကြတော့ ပဲ့တင်သံကို အက်ခို(ECHO) လို့ခေါ်ခဲ့ကြတာပေါ့မောင်လေးရယ်။
ကဲအက်ခိုးမလေးလဲ အသံပဲကျန်တော့ရော သူ့ပိုင်ရှင် နတ်ဘုရားမ ကစိတ်ဆိုးတော့တာပေါ့.နတ်ဘုရား
နာမည်က ဗီးနတ်စ်တဲ့ အချစ်နတ်ဘုရားမနော်။ သူ့ကိုအက်ခိုးလေးက ခစားဖို့ အသံကျန်တော့တာကို စိတ်ဆိုးတာပေါ့
နော်။ ကဲ ဘာကြောင့် ဒီကောင်မလေး အသံပဲကျန်တော့သလဲဆိုတာကို သူမကကြည့်လိုက်မေးလိုက်တာနေမှာပေါ့ ။
အဲ့ဒီတော့ အော်နာဆစ်ဆပ် ကြောင့်ပဲဆိုပြီးသိသွားပါလေရော။ကဲ မချစ်တတ်တဲ့သူကြီး ငါကျိန်စာတိုက်လိုက်မယ်
ကနေ့မှာမြင်တဲ့သူကိုချစ်စေ တဲ့မောင်လေးရယ်။
နာဆစ်ဆပ်ကတော့တောလည်ကောင်းတုန်းပေါ့။ တောထဲဆိုတော့ လူသူမရှိတဲ့နေရာမှတ်လား။ သူကလဲ
တော်ရုံလူဘယ်တွေ့ဦးမလဲ။သူလဲတောလည်ထွက်ရင်းမောတော့ရေသောက်မယ်ဆိုပြီး စမ်းချောင်းဘေးထိုင်လိုက်
ရင်း သူရေပြင်ကိုအကြည့်ရောက်ခိုက်မှာ သူ့မျက်နှာသူပြန်မြင်လိုက်တာပေါ့။ကဲနတ်ဘုရားကျိန်စာက တခါထဲအစွမ်း
ပြလိုက်တာ နာဆစ်ဆပ်က သူ့ကိုယ်သူချစ်မိသွားရောမောင်လေးရေ။ရေပြင်က ကိုယ့်ပုံလေးကို ကြည့်ရင်းချစ်လိုက်
တာ အဲ့နေရာကနေမထနိုင်တော့ဘူးတဲ့။ ရက်တွေကြာလာလိုက်တာ သူ့ကိုယ်က အပင်ဖြစ်ပြီး မျက်နှာကတော့ ပန်းပွင့်
လေးပေါ့။အမယ်ပန်းလေးတွေက ချောင်းထဲကိုပဲငိုက်ငိုက်ကလေးတောင်ဖြစ်နေသတဲ့.ကြည့်မဝတာနော် ကိုယ်ကိုယ်
ကိုယ်။ ကဲ အဲ့ပန်းလေးကို နာဆစ်ဆပ်လို့ခေါ်ပါသတဲ့ကွယ်။
မောင်လေးရေ ပုံပြင်လေးကတော့ ဘာမှ မဟုတ်ပေမဲ့ ကိုယ်ကိုယ်ကိုယ်သိပ်အချစ်လွန် တနည်းအတ္တကြီး
လွန်းတာ မကောင်းဘူးပေါ့ကွယ်။ ရောဂါလို့တောင် တင်စားနေမှတော့ဘယ်ကောင်းပါ့မလဲ.ရောဂါမဟုတ်ခဲ့ရင်တောင်
လူ့လောက ကြီးမှာ အံဝင်ဂွင်ကျမနေနိုင်ကြတော့ဘူးပေါ့်။တော်သင့်ရုံလေးပဲကောင်းပါတယ်မောင်လေးရယ်နော်။
ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတာ ချစ်တတ်မှ စိတ်ချမ်းသာတာ.မကြီးပြောချင်တာ ပူလောင်လွန်းတဲ့ချစ်ခြင်းတွေနဲ့
ချစ်မိလိုက်ရင် ကိုယ်စိတ်နှစ်ပါး ပင်ပန်းဆင်းရဲရတယ်မောင်လေးရေ။အဲ့တာလေးတွေကို ငါ့မောင်လေး နားလည်နိုင်
လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လမ်းကြောင်းတစ်ခုရမှာပေါ့မောင်လေးရယ်။ဘဝဆိုတာ တိုတိုလေးပါ။
ရရှိတဲ့အခိုက်အတန့်လေးကို ပျော်ရွှင်အောင် နေတတ်ဖို့ အရေးကြီးတာပေါ့.အဲ သူတပါးကိုထိခိုက်သောအပျော်တော့ မဖြစ်ရဘူးနော်။ ဒီလောက်ဆို ငါ့မောင်လေးမျက်စိညောင်းနေလောက်ပေါ့.နားလိုက်ဦးမယ်မောင်လေးရေ။

မနုငယ်

3 ယောက်က စာမူခပေးတယ်း):

နတ်ဆိုးလေး said...

သင်ခန်းစာ ယူဖို့ အများကြီး အထောက်အပံ့ဖြစ်တဲ့ ပုံပြင်လေးပါ..
ကျေးဇူးတင်ပါတယ်ခင်ဗျာ

မောင် လေး said...

ဟောဗျာ....မနုငယ်ရေ.....ကျွန်တော်လည်း တစ်နေ့ နေလို့ တစ်ခါတောင် မှန်
မကြည့် ရပါလား...း)(နောက်တာ )
ပုံပြင်လေး ကိုဖတ်သွားပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

နာဆစ်ဆက် ပန်းအကြောင်း လွန်းထားထားရဲ့ ၀တ္ထုတစ်ပုဒ်မှာ ခပ်ငယ်ငယ်က ဖတ်ခဲ့ဖူးတယ်..
ခုချိန်ထိမမေ့သေးဘူး
ဒီလို ဒဏ္ဍာရီတွေကို စိတ်ဝင်စားမိလို့လေ..

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။